ဂွရှင်များ၊ ဂွများ၊ ညှိရနိုင်သည့် ဂွရှင်များ၊ ညှပ်ပလာယာများ၊ ဂွစွပ်ရှင်များ နှင့်
ဂွစွပ်ရှင်အစုံ၊ ဝက်အူလှည့်များ၊ စသဖြင့်။
"Hans” ကိရိယာသည် ကမ္ဘာတစ်ဝန်းက စက်မှု စျေးကွက်သို့ လုပ်ငန်းသုံး
ပစ္စည်းကောင်းများကို တင်ပို့ပေးသည့် ရေရှည်ရင်းမြစ် တစ်ခု ဖြစ်ပါသည်။ ၁၉၇၃
ခုနှစ်မှစပြီ ၁၁၄ နိုင်ငံများရှိ အေဂျင့်များ/ လက်ကားရောင်းသူ ၁၁၄ တို့နှင့်
လက်သုံးကိရိယာများ၏ လုပ်ငန်းကို ပူးတွဲလုပ်ကိုင်နေပြီး စီမံခန့်ခွဲပေးခဲ့သည်။
Hans ကိရိယာများက ကမ္ဘာ့စျေးကွက် တစ်ခုလုံးအတွက် ကိရိယာမျိုးစုံကို
အကျယ်ပြန့်ဆုံးနှင့် အပြည့်စုံဆုံးကို ကမ်းလှမ်းပေးနေသည်။
ကျွန်ုပ်တို့သည် ကျွမ်းကျင်သူများအတွက် အရည်အသွေးမြင့် ရာသက်ပန် အာမခံကို
ပေးပါသည်။ Hans ကိရိယာများထံတွင် ကျွမ်းကျင်သူများနှင့် စက်မှုကိရိယာများ
ထုတ်လုပ်ရေးကို အထူးထုတ်လုပ်ပေးသည့် အတွေ့အကြုံ နှစ်လေးဆယ် ရှိနေပါပြီ။
ကျွန်ု့ပ်တို့၏ ဂွစွပ်များ၊ ဂွရှင်များ၊ ဝက်အူလှည့်များ၊ ပလာယာ ကဲ့သို့သော
ထုတ်ကုန်များကို (DIY အမျိုးအစား သို့မဟုတ် စျေးပေါသည့် အတန်းအစားမျိုးနှင့်
မတူဘဲ) ထိုင်ဝမ်တွင် ၁၀၀ၟ% ပြည့် ကုန်ကြမ်းပစ္စည်းဖြင့် ထုတ်လုပ်ပြီး
အချောကိုင်ပေးထားသည်
အရည်အသွေးမှာ Hans ထုတ်ကုန်တိုင်း၏ ပထမဦးစားပေးမှု ဖြစ်ပြီး ဂျာမနီနိုင်ငံ၏
DIN/ISO စံနှုန်းများကို ပြည့်မီလျက် ထုတ်ကုန်များကို ရေရှည်နှင့် ခိုင်ခန့်စွာ
သုံးနိုင်အောင် အရည်အသွေးကို တင်းကျပ်စွာ ကြပ်မတ် ထုတ်လုပ်ထားပါသည်။
သုံးစွဲသူတို့က ကျွန်ုပ်တို့၏ ရာသက်ပန် အာမခံ နှင့် ကမ္ဘာ့အဆင့်မီ အရည်အသွေးကို
ယုံကြည်ကြပါသည်။ Hans ကိရိယာများကို ယေဘုယျအားဖြင့်
ရုရှား/အရှေ့အလယ်ပိုင်းဒေသ/ဥရောပ/အာဖရိက/အာရှ/Oceania/အမေရိက
တစ်ဝန်းမှာ သုံးကြသည်။
Hans ကိရိယာသည် သုံးစွဲသူတို့အား ခိုင်ခန့်ပြီး အကြမ်းခံနိုင်သည့် ကိရိယာများကို
ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စျေးနှုန်းများဖြင့် ရောင်းချပေးနိုင်သူဖြစ်ပါသည်။ ထိုင်ဝမ်တွင်
ထုတ်လုပ်မှု သက်တမ်း နှစ် ၄၀ ကျော်ရှိနေပြီး အရွယ်အစား အမျိုးမျိုးနှင့်
အရည်အချင်းမျိုးစုံ ထုတ်ကုန် ၉၀၀၀ ကျော်ကို ပေးသွင်းနိုင်ပါသည်။
ထုတ်ကုန်များထဲတွင်၊ ဂွစွပ်များ၊ ရစ်ပတ် ဂွရှင်များနှင့် ဂွများ၊ ဝက်အူလှည့်များ၊
လွန်သွားများ၊ ခြောက်ထောင့်ဂွများ၊ ပလာယာများ၊ လွှများ၊ ညှပ်စက်များ၊
ကိရိယာအစုံ/ဘူး/တွန်းလှည်း နှင့် မော်တော်ယာဉ်ဆိုင်ရာ အထူးကိရိယာများ
စသဖြင့် ပါဝင်ပါသည်။ ထို့အပြင်၊ အစုံလိုက် ကိရိယာများ၊ ကိရိယာ အစုံများ၊
ကိရိယာဗီရို အမျိုမျိုး နှင့် ဗီရိုသုံး ကိရိယာ အစုများကို သုံးစွဲသူတို့ အကြိုက်လည်း
ထုတ်လုပ်ပေးနိုင်ပါသည်။