ယန္တရား

Tais T-P Co., Ltd.

သော့ချက်စာလုံးများ :

ပုံသွင်းခြင်းနှင့် ဖောင်းကြွတံဆိပ်တုံးအတွက် အနုစိတ် ပါဝင်ပစ္စည်းများ၊ ပုံသွင်းခြင်းနှင့် ဖောင်းကြွတံဆိပ်တုံးဖန်တီးသူအတွက် စိန်နှင့် CBN ကိရိယာများ၊ ရှုပ်ထွေးသည့် CNC တွင်ခုံနှင့် ကြိတ်ခွဲစက်ထုတ်ကုန်များ၊ ဖြတ်တောက်ကိရိယာများ

1990 ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Tais T-P Co., Ltd သည် နှစ်ပေါင်း (၂၀) ကျော် အတွေ့အကြုံများဖြင့် လုပ်ငန်းသုံး စက်ပစ္စည်းကိရိယာနှင့် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

ကုမ္ပဏီ၏ ထုတ်ကုန်စာရင်းတွင် ပုံသွင်းခြင်းနှင့် ဖောင်းကြွတံဆိပ်တုံးအတွက် အနုစိတ်ကျသည့် အစိတ်အပိုင်းများ၊ ပုံသွင်းခြင်းနှင့် ဖောင်းကြွတံဆိပ်တုံးဖန်တီးသူအတွက် စိန်နှင့် CBN ကိရိယာများ၊ ရှုပ်ထွေးသည့် CNC တွင်ခုံနှင့် ကြိတ်စက်ထုတ်ကုန်များ၊ ဖြတ်တောက်ကိရိယာများ၊ ကြိတ်စက်နှင့် ကြိတ်ခွဲစက်အတွက် အနုစိတ်ကျသည့် အသုံးအဆောင်များနှင့် အခြားပစ္စည်းများ ပါဝင်ပါသည်။

တကယ့်လက်တွေ့ဘဝ အတွေ့အကြုံများကို အခြေခံပြီး ဝါရင့်ထုတ်လုပ်သူမှ များပြားစုံလင်လှသည့် ထုတ်ကုန်အမျိုးမျိုးနှင့် အသုံးပြုများအတွက် ပိုမိုများပြားသည့် ဈေးကွက်ဝေစု ဖန်တီးပေးနိုင်ရန်၊ အမှန်တကယ်အသုံးပြုသူများ၏ ဧကန်စစ်စစ် အသုံးဝင်သည့် ထုတ်ကုန် လိုအပ်ချက်များအရ ထုတ်လုပ်မှုနည်းပညာများနှင့် ထုတ်ကုန်များကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဥပမာအားဖြင့်၊ Tais T-P ၏ ကြိတ်စက်တွဲဖက်ပစ္စည်းများနှင့် ကြိတ်ခွဲစက်တွဲဖက်ပစ္စည်းများကို ဥရောပ၊ အမေရိကနှင့် ဂျပန်နိုင်ငံတို့ရှိ သုံးစွဲသူများအတွက် ဂျပန်စံချိန်စံညွှန်းများနှင့်အညီ ဖန်တီးပြုလုပ်ပါသည်။ ဖြန့်ဖြူးခြင်း မပြုလုပ်မီ အစိတ်အပိုင်းတစ်ခုစီအား စစ်ဆေးခြင်း ဆောင်ရွက်ပြီး အတည်ပြုထားသည့် စစ်ဆေးမှုပြီးစီးကြောင်းစာရင်းနှင့်အတူ ဖြန့်ဖြူးပါသည်။

အခြားတစ်ဖက်တွင်လည်း၊ ၎င်း၏စီးပွားရေး နယ်ပယ်ကို ချဲ့ထွင်ရန်နှင့် ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်၊ Tais T-P အနေဖြင့် OEM မှာယူမှုများကိုလည်း ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်စွမ်းရှိပြီး ပူးတွဲတင်ပို့ရာတွင် ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများနှင့်အတူ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

သင့်တော်သည့်ဈေးနှုန်းနှင့် အချိန်မှန်ပေးပို့မှုတို့ဖြင့်ဆောင်ရွက်လျက်ရှိပြီး ထိပ်တန်းအရည်အသွေးနှင့် စွမ်းဆောင်နိုင်စွမ်းများကြောင့် Tais T-P ၏ ထုတ်ကုန်များကို အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံများမှ ဝယ်ယူသူများက ကျေနပ်နှစ်ခြိုက်စွာ ဝယ်ယူအားပေးလျက်ရှိပါသည်။

ဆက်သွယ်ရန်အချက်အလက်:


More Reports