ယန္တရား

Hua Lung Electric Engineering Co., Ltd.

သော့ချက်စာလုံးများ :

ဆက်ကြောင်း ဂဟေဆော်စက်များ၊ အကွက်လိုက် ဂဟေဆော်စက်များ၊ အစွန်းခံသံမဏိ ရေတိုင်ကီ အသင့်ထုတ်လုပ်ရေး စီမံကိန်းများ

1970 နှစ်တွင် ဥက္ကဌဖြစ်သူ၊ Chiang Wen-Yi မှ ထူထောင်ခဲ့သည့် Hua Lung Electric Engineering Co. သည် အရည်အသွေးမြင့်၊ အဆင့်မြင့် ဂဟေဆော်စက်များနှင့် အစွန်းခံသံမဏိ ရေတိုင်ကီ ထုတ်ုလုပ်ရေး စက်ပစ္စည်းများ (အသင့်ထုတ်လုပ်ပေးသည့် စီမံကိန်း ဝန်ဆောင်မှုများ အပါအဝင်) ကို တီထွင်ထုတ်လုပ်ပေးသည့် ဝါရင့် စက်ရုံကြီး ဖြစ်လာပါသည်။

ယင်းကဲ့သို့သော သာလွန်ချက်များကြောင့် Hua Lung သည် ကမ္ဘာ့ဈေးကွက်ထဲက မိမိ၏ ဝေစုကို၊ အထူးသဖြင့် အရှေ့တောင်အာရှ၊ ဂျပန်၊ အရှေ့အလယ်၊ လက်တင်အမေရိကနှင့် အာဖရိကသို့ အဓိကအကျဆုံး တင်ပို့မှုများကို တိုးချဲ့နိုင်ခဲ့ပါသည်။ ပြောင်မြောက်လှသည့် အရည်အသွေး၏ ကျေးဇူးကြောင့် ကုမ္ပဏီ၏ ထုတ်ကုန်များသည် ဘရာဇီးလ်နိုင်ငံထဲက ထိပ်သီး သံမဏိကုမ္ပဏီထံမှနေပြီး “ACESITA ACOS ESPECIAIS” ထောက်ခံချက်ကို ရရှိခဲ့ပါသည်။ ကုမ္ပဏီအနေနှင့် မိမိတို့၏ ထုတ်ကုန်များမှာ အရည်အသွေး မြင့်မားကြပြီး ချွတ်ယွင်းမှု သုညဖြစ်လျက် ထိရောက်မှု မြင့်ကာ ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါးသည်ဟု ယုံကြည်ပါသည်။

ယင်းကဲ့သို့သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အားလုံးကို နှစ် 40 ကျော်လာခဲ့ပြီ ဖြစ်သည့် စုစည်းထားသည့်အတွေ့အကြုံနှင့် အသိပညာများကို အသုံးပြုလျက် ပြုစုထုတ်လုပ်နေခြင်း ဖြစ်ပါသည်။ Hua Lung ၏ အဓိကအကျဆုံး ထုတ်ကုန်များထဲတွင် ဆက်ကြောင်း ဂဟေဆော်စက်များ၊ အကွက်လိုက် ဂဟေဆော်စက်များနှင့် အစွန်းခံသံမဏိ ရေတိုင်ကီ အသင့်ထုတ်လုပ်ရေး စီမံကိန်းများ ပါဝင်ပါသည်။

Hua Lung က အရွယ်အစားအားဖြင့် 700mm မှ 1,600mm အထိနှင့် ပမာဏအားဖြင့် လီတာ 500 မှ 5,000 အထိရှိကြသည့် ရေတိုင်ကီများ အတွက် အလုံးစုံပါဝင်သည့် ဖြေရှင်းနည်းများကို လစဉ် ယူနစ် 2,000 ကျော်အတွက် စီမံပေးနိုင်သည်ဟု ပြောပါသည်။

ကုမ္ပဏီက ၎င်းအနေနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ထိပ်သီး စက်မှု နည်းပညာကို ကမ်းလှမ်းနေရုံသာမက စတင်လုပ်ကိုင်ရေး၊ စက်ပစ္စည်းများ တပ်ဆင်ရေး၊ ထုတ်လုပ်ရေး နည်းပညာနှင့် စက်ပစ္စည်းများ မွမ်းမံထိန်းသိမ်းရေး လိုအပ်ချက် အပြည့်အစုံကိုပါ ကမ်းလှမ်းထားပါသည်။

ဆက်သွယ်ရန်အချက်အလက်:


More Reports