ယန္တရား

Chanto Air Hydraulics Co., Ltd.

သော့ချက်စာလုံးများ :

F.R.L combination units, valves, compact guided cylinders, hydraulic products

Chanto Air Hydraulics Co. ကို 1982 ခုနှစ်တွင် ထူထောင်ခဲ့ပြီး ထိုင်ဝမ်နိုင်ငံထဲက လေဖိအားသုံး အစိတ်အပိုင်းများ နှင့် အရည်ဖိအားသုံး ပစ္စည်းများကို ထုတ်လုပ်သည့် အကျွမ်းကျင်ဆုံး ထုတ်လုပ်သူအဖြစ် တိုးတက် ရပ်တည်လာခဲ့ပါသည်။

ကုမ္ပဏီသည် ကမ္ဘာ့တဝန်းမှ ဖောက်သည်များ၏ တောင်းဆိုချက်များကို ပြိုင်စံမရှိသည့် အရည်အသွေး နှင့် မြင့်မားသည့် တိကျမှုဖြင့် တာဝန်သိသိ ဖြည့်ဆည်းပေးရင်း၊ တကမ္ဘာလုံးမှ စီးပွားဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ထုတ်လုပ်ရေး နည်းပညာများကို တချိန်လုံး မြှင့်တင်ရန် အားထုတ်နေပါသည်။ ယနေ့တွင် မိမိတို့သည် TUV Rheinland မှ အသိအမှတ်ပြု လက်မှတ်ရထားသည့် ISO9001:2008 ကုမ္ပဏီ ဖြစ်ပါသည်။

လေဖိအားသုံး နှင့် အရည်ဖိအားသုံး စက်ပစ္စည်းများကို ထုတ်လုပ်လာခဲ့သည့် ဆယ်စုနှစ်ချီ ရှိလာပြီဖြစ်သော အတွေ့အကြုံ၏ ပံ့ပိုးမှုဖြင့် Chanto သည် F.R.L (Filter-Regulator-Lubricator) combination units၊ valves၊ pneumatic cylinders၊ rotary actuators၊ ပြွန်များ၊ air grippers၊ air-oil power cylinders နှင့် တပ်ဆင်ရေး နှင့် အသုံးအဆောင် ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းမျိုးစုံကို ကျယ်ပြန့်စွာ ထုတ်လုပ်ပေးနေပါသည်။ ဖိစက်များ (လေအားသုံး မော်ဒယ်များ၊ ရေဖိအားသုံး မော်ဒယ်များ နှင့် အရည်ဖိအားသုံး မော်ဒယများ အပါအဝင်) သည်ပါ အရောင်းသွက် ပစ္စည်းတစ်ခုဖြစ်ပြီး စက်မှုကဏ္ဍ အမျိုးမျိုးမှ လုပ်ငန်းရှင်များ လိုလိုချင်ချင် ဝယ်ယူကြပါသည်။

ကုမ္ပဏီမှ ပုံမှန် မိတ်ဆက်ပေးတတ်သည့် ထုတ်ကုန်အသစ်များထဲတွင် အချိန်ကာလ၏ စမ်းသပ်မှုကို ခံယူနိုင်ခဲ့သော Chanto ၏ ပြောင်မြောက်သည့် လုပ်နိုင်စွမ်းများကို တွေ့ရှိနိုင်ပါသည်။ ဥပမာ၊ မကြာခင်တုန်းက ဈေးကွက်သို့ တင်ပေးခဲ့သည့် GYS/GYB/GYR အတန်းအစား သံလိုက်ဖြင့် ဆက်ပေးထားသည့် rodless cylinders ဆိုလျှင်၊ ပွတ်တိုက်မှု နည်း၍ ရာသက်ပန် သုံးနိုင်သည့် အပြင် ဒီဇိုင်းကျစ်လစ်သောကြောင့် နေရာအနည်းငယ်သာ ယူပါသည်။

ကုမ္ပဏီ၏ BTF air hydro booster သည် အဆင့်မြင့် နောက်ထုတ်ကုန် တစ်ခုဖြစ်ကာ hard anodized အလူမီနီယံဖြင့် ထုတ်လုပ်ထားရာ ပေါ့ပါးလျက် ဆွဲဆောင်မှုရှိပြီး ထိန်းသိမ်းရန် လွယ်ပါသည်။ ထို့အပြင်၊ booster ထဲတွင် NPN sensor နှင့် LED indicator ပါရှိရာ လုပ်ကိုင်မှု အခြေအနေကို လွယ်ကူစွာ စစ်ကြည့်နိုင်ပါသည်။ ဤထုတ်ကုန်သည် အားကောင်းသည့် အရည်ဖိအားကို သိသိသာသာ ထုတ်လုပ်ပေးနိုင်သောကြောင့် ဆူညံသည့် အစဉ်အလာ အရည်-လေအားသုံး မြှင့်စက်များကို အစားထိုးသုံးနိုင်ပါသည်။

Chanto သည် OEM (original equipment manufacturing) အမှာစာများကို ကြိုဆိုပါသည်။

Chanto Air Hydraulics Co., Ltd.

No. 19-2, Yuying Rd., East Dist., Taichung City, Taiwan 401

Tel: 886-4-2212-6177

Fax: 886-4-2212-6800

E-mail: chanto@ms14.hinet.net

Website: www.chanto.com.tw

ဆက်သွယ်ရန်အချက်အလက်:


More Reports